ဒုက္ခသည်ဆိုသည်မှာ နှိပ်စက်ညှဉ်းပန်းမှု၊ ပဋိပက္ခ၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ သို့မဟုတ် လူထု စည်းလုံးညီညွတ်ရေးကို ဆိုးရွားစွာ အနှောက်အယှက် ဖြစ်စေသည့် ဖြစ်ရပ်များကြောင့် မဖြစ်မနေ ရွှေ့ပြောင်း ခံခဲ့ရသူဖြစ်သည်။
Courageous Hope သည် ဒုက္ခသည်လူငယ်များအား အင်္ဂလိပ်ဘာသာကို ဒုတိယဘာသာစကား English as a Second Language (ESL) ကျူရှင်သင်ကြားပေးခြင်း၊ အိမ်စာ အကူအညီပေးခြင်းနှင့် တူညီသော ယဉ်ကျေးမှု နောက်ခံရှိသည့် အခြားကလေးများနှင့် ချိတ်ဆက်ခြင်းတို့ ပြုလုပ်ပေးပါသည်။
Courageous Hope သည် ဒုက္ခသည် လူငယ်များနှင့် ရပ်ရွာ အသိုက်အဝန်း လုပ်ဖော်ကိုင်ဖက်များ ပေါင်းစည်းထားသည့် မဟာမိတ်အဖွဲ့ဖြစ်ပြီး လူငယ်များအား ၎င်းတို့၏ ဘုရားပေးထားသည့် အလားအလာများ ဖြစ်ထွန်းအောင် ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။
ဒုက္ခသည်လူငယ်များသည် ၎င်းတို့၏ ယဉ်ကျေးမှုားကို ထိန်းသိမ်းပြီး ၎င်းတို့၏ပတ်ဝန်းကျင်အသစ်တွင် ရှင်သန် ကြီးထွားနိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
လူတစ်ဦး၏အတိတ်နှင့် ဆက်နွယ်မှုများသည် တစ်ဦးနှင့်တစ်ဦး ဆက်စပ်မှုနှင့် ကိုယ်ပိုင်လက္ခဏာကို ဖော်ဆောင်ရာတွင် အရေးကြီးသည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
ဒုက္ခသည်လူငယ်များသည် ၎င်းတို့အား အောင်မြင်ရန်အတွက် အကန့်အသတ်မရှိ၊ ထူးခြားသော စွမ်းရည်များရှိသည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
ဒုက္ခသည် လူငယ်များ အားလုံးကို အရည်အသွေးမြင့် ပညာရေး ပေးအပ်ခြင်းဖြင့် လူတစ်ဦးချင်းစီနှင့် လူ့အသိုင်းအဝိုင်း၏ အနာဂတ် တောက်ပစေရန် အဓိက သော့ချက် ဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
ဒုက္ခသည် လူငယ်များ အားလုံးသည် အကန့်အသတ်မရှိသော အောင်မြင်မှုပန်းတိုင်များသို့ ချွင်းချက် မရှိတက်လှမ်းနိုင်ကြောင်း ကျွန်ုပ်တို့ယုံကြည်ပါသည်။
ကျူရှင်တက်ရန် စိတ်ဝင်စားပါက သို့မဟုတ် ကျောင်းသား တစ်ဦးကို ညွှန်းလိုပါက အောက်ပါပုံစံကိုဖြည့်ပါ။ ပုံစံကို အင်္ဂလိပ်ဘာသာ အပြင် အခြားဘာသာစကားများဖြင့် ဖြည့်စွက်နိုင်ပါသည်။ ကလေးတစ်ဦးစီအတွက် သီးခြား ပုံစံတစ်ခုကို ဖြည့်ပါ။
We use cookies to analyze website traffic and optimize your website experience. By accepting our use of cookies, your data will be aggregated with all other user data.